AVG Secure VPN License Activation ပြုလုပ်နည်း
AVG Secure VPN ကို ပထဆုံး စတင်အသုံးပြုမယ့်သူဆိုရင် https://id.avg.com/create-account မှာ AVG account အရင်ဖွင့်ပေးပါ။ AVG account ရှိပြီးသားဆိုရင်တော့ ထပ်ဖွင့်ဖို့ မလိုပါ။
ပြီးရင် AVG Secure VPN app application ကို စက်ထဲမှာ ထည့်သွင်းပါ။ https://www.avg.com/en-us/activation ကနေ မိမိအသုံးပြုမယ့် စက်အမျိုးအစားကို ရွေးချယ်ပြီး download ရယူနိုင်ပါတယ်။
ပြီးရင် AVG Secure VPN application ကိုဖွင့်ပါ။ ထို့နောက် application ထဲမှာ AVG အကောင့်နဲ့ login ဝင်ပေးပါ။ Login successful ဖြစ်သွားရင် application ထဲက “Enter activation code” ဆိုတဲ့နေရာမှာ Burmese Register မှ email ကနေ တဆင့်ပေးပို့ထားတဲ့ license code ကို ဖြည့်သွင်းပြီး license activation လုပ်ပေးပါ။ License activation successful ဖြစ်သွားတာနဲ့ စတင်အသုံးပြုလို့ရပါပြီ။
License renew လုပ်ဖို့အတွက်လည်း အတူတူပါပဲ။ License code အသစ်ကို “Enter activation code” ဆိုတဲ့နေရာမှာ ထည့်သွင်းလိုက်တာနဲ့ ရပါပြီ။ License renew လုပ်တဲ့သူတွေအတွက် သတိထားရမှာက နဂိုရှိပြီးသား license expired ဖြစ်မယ့်နေ့ကျမှ license code အသစ်ကို ထည့်ပေးပါ။ (မဟုတ်ရင် license extend မဖြစ်သွားဘဲ license code အသစ်က activation လုပ်တဲ့နေ့ကနေစပြီး အလုပ်လုပ်နေပါလိမ့်မယ်။)
အဲ့ဒါဆိုရင် AVG Secure VPN application ထဲမှာဖြစ်ဖြစ် https://subscriptions.avg.com/ မှာဖြစ်ဖြစ် license status စစ်ကြည့်လို့ရပါပြီ။ Windows PC, Mac, Android Phone, iPhone, iPad အစရှိသဖြင့် မိမိနှစ်သက်ရာ device ၁၀လုံးအထိမှာ ထည့်သွင်းပြီး login ဝင်ပြီး အသုံးပြုလို့ရပါပြီ။
Windows ၊ Android နဲ့ Mac ကွန်ပြူတာတွေမှာ အခုဖော်ပြပေးထားတဲ့နည်းလမ်းအတိုင်း license activation ပြုလုပ်ပြီး အသုံးပြုလို့ရပါတယ်။ အကယ်၍ iPhone/iPad (iOS) နဲ့ အသုံးပြုမှာဆိုရင်တော့ စောစောကလို application ထဲမှာ license activation တစ်ခါတည်း ပြုလုပ်လို့မရပါဘူး။ License activation ပြုလုပ်ပြီးသား AVG account နဲ့ login ဝင်ပြီး အသုံးပြုဖို့လို့ပါတယ်။ အဲ့ဒါကြောင့် iPhone (သို့) iPad နဲ့ အသုံးပြုမယ့်သူများအနေနဲ့ Windows သို့ Mac သို့ Android device တစ်လုံးလုံးထဲမှာ AVG account နဲ့ license activation အရင်ဆုံးပြုလုပ်ပြီးမှ iPhone/iPad ထဲမှာ AVG account နဲ့ login ဝင်ပြီး အသုံးပြုပေးပါ။
Windows PC အတွက် AVG Secure VPN download ချရန် link နှင့် license activation ပြုလုပ်ရန် guide အသေးစိတ်ကို ဒီမှာဖတ်လို့ရပါတယ်။
https://help.avg.com/en/install/avg-secure-vpn-multidevice?os=pc
Mac (Apple ကွန်ပြူတာများ) အတွက် AVG Secure VPN download ချရန် link နှင့် license activation ပြုလုပ်ရန် guide အသေးစိတ်ကို ဒီမှာဖတ်လို့ရပါတယ်။
https://help.avg.com/en/install/avg-secure-vpn-multidevice?os=mac
Android Phone အတွက် AVG Secure VPN download ချရန် link နှင့် license activation ပြုလုပ်ရန် guide အသေးစိတ်ကို ဒီမှာဖတ်လို့ရပါတယ်။
https://help.avg.com/en/install/avg-secure-vpn-multidevice?os=android
iPhone/iPad (iOS) အတွက် AVG Secure VPN download ချရန် link နှင့် ထည့်သွင်းနည်း guide အသေးစိတ်ကို ဒီမှာဖတ်လို့ရပါတယ်။
https://help.avg.com/en/install/avg-secure-vpn-multidevice?os=ios